Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
2333 - Telegram Web
Telegram Web
ပုံထဲက Item လေးတွေရဲ့ တန်ဖိုးအသီးသီးကို ရဲဘော်တို့ရဲ့ စူးရှတဲ့ ဉာဏ်ရည်နဲ့ မြန်မြန်ဆန်ဆန် တွက်ထုတ်ပြီး နောက်ဆုံးမေးခွန်းရဲ့ အဖြေမှန်ကို အောက်ပါ Link ရဲ့ Comment မှာ ရေးပေးခဲ့ကြနော်

💬 https://www.facebook.com/share/p/17H9mdU6wz

#SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
181🔥10👍6🥰3👏3🏆1
Crypto Exchange ရွေးတယ်ဆိုတာ ကိုယ့်ရဲ့ Crypto, ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေ သိမ်းထားဖို့၊ Trading အလဲအလှယ်လုပ်ဖို့ နေရာတစ်ခုမှာ တင်ပေးရတာ ဖြစ်ပါတယ်။ ပြောရရင် ကိုယ်နဲ့ အသားကျပြီး လိုချင်တဲ့ Facility တွေရှိတဲ့ အိမ်မှာနေဖို့ ရှာရသလိုပါပဲ။

💡 နွေဦးပျားတို့ရဲ့ Crypto ခရီးစဉ်မှာလည်း အကောင်းဆုံး “အိမ်”၊ အကောင်းဆုံး “Exchange” ကို ရွေးချယ်နိုင်ဖို့ လမ်းပြပေးနိုင်တဲ့ Green Flag (၅) ခု ရှိပါတယ်။
•••••

❇️ အမြင့်ဆုံး လုံခြုံမှု (Top-Notch Security)
❇️ ရွေးချယ်စရာ များခြင်း (High Variety of Assets)
❇️ အနည်းဆုံး ဝန်ဆောင်ခ (Lowest Fees)
❇️ အသုံးပြုရ လွယ်ကူမှု (Better Ease of Use)
❇️ စည်းမျဉ်း ဖြေလျော့ခြင်း (Regulation Friendly)

ဒီလို အလံစိမ်းလေးတွေ ရွေးချယ်နိုင်ပေမယ့် လုံးဝဥဿုံတော့ ပြီးပြည့်စုံမှု ရှိမနေနိုင်တာကိုတော့ သတိပြုဖို့ လိုပါတယ်။

🔰 သုံးရလွယ်နေရင် လုံခြုံရေး အားနည်းနေနိုင်တယ်။
🔰 လုံခြုံရေး စိတ်ချရရင် ရွေးချယ်နိုင်မယ့် အမျိုးအစားတွေ နည်းလိမ့်မယ်။
🔰 တကမ္ဘာလုံးမှာ ရှိတဲ့ Coin တွေ ရနိုင်မယ်ဆိုရင်လည်း လုံခြုံရေးအတွက် ပူပန်နေရနိုင်တယ်။

ဒါကို Crypto Exchange နယ်ပယ်မှာ “Impossible Trinity” လို့ ခေါ်ပြီး Balance မျှခြေကိုက်အောင် ကိုယ့်လိုအပ်ချက်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် Exchange “အိမ်” ကို ရွေးချယ်သင့်ပါတယ်။
•••••

📍 ဒီလို Crypto Exchange တွေအကြောင်းကို ပိုလေ့လာချင်သူတွေ အတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီမှာလည်း @sifinstitute Workshop ဒုတိယရက်လေး ရှိတဲ့အတွက် စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼

#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge #SpringDevelopmentBank
99👍17🥰6🔥2👏2
SCF ရဲ့ ကြီးမားတဲ့အရွေ့လာပြီ

ယခုမှစတင်ကာ @SpringCrowdFund (SCF) Platform ပေါ်ရှိ ကမ်ပိန်းများတွင် @SpringDevBank နိုင်ငံတကာငွေကြေး(၁၀)မျိုးဖြင့် စုံလင်စွာထောက်ပို့ကူညီနိုင်ပြီဖြစ်ပြီး၊ ပိုမိုကောင်းမွန်တဲ့နည်းပညာများနှင့် ဝန်ဆောင်မှုများပါဝင်လာတဲ့ SCF Upgraded Version 1.1.0 ကိုအခုပဲစတင်အသုံးပြုကာ အတူတကွအရှိန်မြှင့်လိုက်ပါ။

တို့အတူချီတက် SCF
springcrowdfund.org

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုပါတယ်)

#SpringCrowdFund #YourSCFAccountYourPower #များများတွန်းရင်မြန်မြန်ရွေ့မယ်
47👍9🏆3🔥2👏1🎉1
@SpringDevBank သုံးစွဲသူများ၊ SDB တိုကင်ပိုင်ရှင်များနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လက်ဝယ်ကိုင်ဆောင်ထားတဲ့ ပျားရဲဘော်တို့အတွက် လုံခြုံရေးဟာ နံပါတ် (၁) ဦးစားပေး ဖြစ်ပါတယ်။ ခရစ်ပတိုလောကမှာ သတိဝီရိယနဲ့ လုံခြုံရေးအသိ ရှိတဲ့ ပျားတို့သာလျှင် ကိုယ့်ရဲ့ ပျားရည်ကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှာပါ။

🐝 နွေဦးပျားတို့ ပိုင်ဆိုင်မှု ပျားရည်တွေကို မသမာသူတွေလက်ထဲကနေ ကာကွယ်နိုင်ဖို့ ရွှေရောင်စည်းမျဉ်း (၃) ခုကို သိထားဖို့ လိုပါတယ်။

❇️ ကိုယ့်ရဲ့ လုံခြုံရေး ကုဒ်နံပါတ် (Security Keys) နဲ့ လျှို့ဝှက်ကုဒ် (Passwords) တွေကို ဘယ်သူနဲ့မှ မမျှဝေပါနဲ့။
❇️ လင့်တစ်ခုခု မနှိပ်ခင် အစစ်အမှန် ဟုတ်မဟုတ် အမြဲ နှစ်ခါပြန်စစ်ပါ။
❇️ သီးသန့် စာလာပို့သူတွေရဲ့ မက်ဆေ့အပေါ် အယုံမလွယ်ပါနဲ့။

ဒါ့အပြင် လုံခြုံရေးဆိုတာ နှစ်ဖက်တီးဖို့ လိုတဲ့ လက်ခုပ်သံလိုပါပဲ။ နှစ်ဦးနှစ်ဖက် ပူးပေါင်း လုပ်ဆောင်ရတဲ့ အားထုတ်မှုတစ်ခုဆိုတာ အမြဲသတိရဖို့ လိုပါတယ်။ 💪🏼

ပလက်ဖောင်းက System အတွက် အခြေခံ ဖွဲ့စည်းမှုတွေကို လုံခြုံအောင် ကာကွယ်ပေးသလို အသုံးပြုတဲ့ User တွေအနေနဲ့လည်း ကိုယ့်အကောင့်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

🔰 စိတ်ချလုံခြုံတဲ့ ပျားတို့ရပ်ဝန်းကနေ တောက်ပတဲ့ အနာဂတ်နဲ့ နွေဦးဂလက်စီကို လျှောက်လှမ်းကြစို့လား။

📍 ကိုယ့်ရဲ့တိုကင်တွေ၊ ငွေတွေကို ဘယ်လို လုံခြုံအောင် ထိန်းသိမ်းနိုင်မလဲနဲ့ ပတ်သက်ပြီး အွန်လိုင်း လုံခြုံရေးအကြောင်းကို ပိုလေ့လာချင်သူတွေအတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီမှာလည်း @sifinstitute Workshop တတိယရက်လေး ရှိတဲ့အတွက် စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼

#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge
#SpringDevelopmentBank
39🎉8👍2🔥1🥰1👏1
Media is too big
VIEW IN TELEGRAM
SDB Podcast - SpringBees များသိန်းနဲ့ချီ Listing သို့ ပျံသန်းမည် 🐝

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင် ၊ မသန့်ဝေကျော်တို့ နှင့်အတူ တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။ 🎙️ 

ဒီတပတ် episode မှာ တော်လှန်ပျားတိုင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ @SpringBees_bot ရဲ့ အားလုံးစောင့်မျှော်နေတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတွေကို အတူတကွ နားဆင်လိုက်ရအောင်။ 🫶🏻 

#SDBPodcastFriday 
#SpringBeesbySDB 
#RealBankRealFreedom 
#ChooseSDB
🥰2316👍3🔥1👏1🏆1
ကိုကိုဒေါင်းကတော့ ဂင်ချီမြေမှာချစ်သောလေးတွေနဲ့  ပဲခေါက်ဆွဲစားဖို့ ရောက်ရှိလာခဲ့ပါပြီနော်….

ဒီတခေါက် DAUNG - ဒေါင်း ကို ချစ်တဲ့ပရိတ်သတ်ကြီးတွေ အတွက် အချစ်တွေ စုံလင်စွာနဲ့ ရရှိစေဖို့ ကိုရီးယားမြေကို ရောက်ရှိလာခဲ့ပြီး…KUNGHEE University Crown Hall ကျင်းပမည့် Daung's Japan Tour 2025ကို SDB နဲ့ နွေဦးထီ တို့ မှ အစီအစဥ်များဖြင့် အားဖြည့်ပေးထားပါတယ်။


ဒါဆိုရင် ပွဲနေ့ လေးမှာ Spring Development Bank ငွေဖြည့်သူ, SpringBees, Spring CrowdFund - နွေဦးလူထုရန်ပုံငွေ အသစ် ဖွင့်သူ များအတွက် ဗလာမပါ လက်ဆောင် Lucky Draw အစီအစဥ်တွေရှိတဲ့အပြင် ..

အောင်လံလွှင့်ချီ နွေဦးထီ @NwayOoHti အကောင့်သစ်ဖွင့်သူများ ( ဦးသူရစနစ် ) Daung’s collab NOH Gift Card လက်ဆောင် တွေပေးဦးမှာဖြစ်လို့ Korea မှာ မေတ္တာ ခွန်အားဖြည့်ဖို့ သတင်းကောင်းပါးအပ်ပါတယ်။

#DaungJapanTour2025
#SpringDevelopmentBank
#NwayOoHti
36👍6🥰4🔥1👏1🆒1
2025/10/24 15:37:11
Back to Top
HTML Embed Code: