Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
- Telegram Web
Telegram Web
🔴 ကျောက်တံတား၊ ဆိပ်ကမ်းသာလမ်းအနီး ဧည့်စစ်

ယနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား အနော်ရထာလမ်းပေါ်ရှိ နေအိမ်များထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

20 Oct 2025
#RangoonScoutNetwork
👍2
⚫️ အထက်ပန်းဆိုးတန်းလမ်းပေါ် လူငယ်များကို လိုက်ဆွဲ၊ ၁ ဦးထွက်ပြေးနိုင်ခဲ့

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ် အထက ၃ (အမျိုးသမီးကျောင်း) အနီး လူငယ် ၂ ဦး လမ်းလျှောက်သွားလာနေစဉ် Probox ၁ စီးဖြင့် အရပ်ဝတ်လူတစု ရုတ်တရက်ရောက်ရှိလာပြီး လိုက်ဆွဲခဲ့၍ ၁ ဦး ပါသွားခဲ့ကြောင်း သိရှိရသည်။

ကျန်လူငယ် ၁ ဦးမှာ အတင်းရုန်းကန်၍ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ လူငယ်၏ အင်္ကျီများ စုတ်ပြဲသွားသည်အထိ ဆွဲရမ်းခဲ့ကြသည်။

လွတ်မြောက်ခဲ့သူ လူငယ်မှာ ဖြစ်စဉ်နေရာအနီး ဖဆပလရပ်ကွက်ထဲ နေထိုင်သူဖြစ်ပြီး ပါသွားသူမှာ အဝေးတ‌နေရာတွင် နေထိုင်သူဖြစ်၍ အိမ်ပြန်နေပုံရကြောင်း သိရသည်။

Source - MGTN Spring News and Scout Channel

20 Oct 2025
#RangoonScoutNetwork
🤯7👍6🔥3❤2
▪️လှိုင်သာယာ၊ သောင်ကြီးရဲစခန်းကို ဗုံးပစ်ခွဲတိုက်ခိုက်

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame ၊ အနောက်ပိုင်းခရိုင်ပကဖ၊ ကြည့်မြင်တိုင်ပကဖ နှင့် လသာပကဖ တို့မှ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

22 Oct 2025
#RangoonScoutNetwork
👍19❤3👌1
🔴 လှိုင်သာယာ၊ ၁၁ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၁၁ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ အဖွဲ့စုံပါကြောင်း သိရသည်။ – HTY Scout Channel

22 Oct 2025
#RangoonScoutNetwork
👍7
▪️တွံတေးဘက် မြေငလျင်ငယ်လှုပ်ခတ်

ယနေ့ အောက်တိုဘာလ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၃.၂ အဆင့်ရှိ မြေလျင်ငယ်တခု လှုပ်ခတ်သွားကြောင်း သိရှိရသည်။ – MM Earthquake Alert

22 Oct 2025
#RangoonScoutNetwork
⚫️ ဗဟန်း ၃ လမ်း ကားမှတ်တိုင်ရှိ သမီးရည်းစားစုံတွဲကို ဝင်ဆွဲ

လွန်ခဲ့သည့် အပတ် (အောက်တိုဘာလ ၁၅ ရက်နေ့ဝန်းကျင်) က ဗဟန်းမြို့နယ်၊ ဗဟန်း ၃ လမ်းမှတ်တိုင်၌ သမီးရည်းစား စုံတွဲရှိနေစဉ် ရဲကား ၁ စီးဖြင့် ပျူအဖွဲ့များ ရောက်ရှိလာပြီး ယောက်ျားလေးကို ဝင်ဆွဲပြီး ကားပေါ်တင်ခေါ်သွားကြသည်။ ထို့နောက် အိမ်က အဆက်အသွယ်ရလိုက်ပြီး ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးထုတ်ရကြောင်း သိရှိရသည်။ – Bahan Scout & News Channel

22 Oct 2025
#RangoonScoutNetwork
🔥13🤬4
🔴 တာမွေ၊ ကျောက်မြောင်းထဲ လူဝင်ရှာ

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း(အရှေ့)ရပ်ကွက်၊ မြို့သစ် ၁ လမ်းထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ အုပ်ကြီးအဖွဲ့များ လူဝင်ရှာသွားကြောင်း သိရှိရသည်။ အင်အား ၁၅ ယောက်ခန့်ပါသည်။ – Scout Yangon

23 Oct 2025
#RangoonScoutNetwork
👍1
⚫️ တောင်ဒဂုံ စည်ပင်လမ်းမပေါ် လူလိုက်ဆွဲ၊ အိမ်က လိုက်ရွေးထုတ်ရ

ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ စည်ပင်လမ်းမပေါ် ၁၉ ရပ်ကွက်ဘက်ခြမ်း၌ ယောက်ျားလေး ၁ ဦး (အသက် ၂၅ နှစ်ဝန်းကျင်) ဘီယာဝယ်ပြီး လမ်းလျှောက်ပြန်လာစဉ် လှည့်ကင်းပတ်နေသည့် အကြမ်းဖက် စစ်သား၊ ပျူအဖွဲ့များနှင့်တွေ့ပြီး ဖမ်းဆွဲခံလိုက်ရကြောင်း သိရှိရသည်။ ထို့နောက် မိဘများက ညတွင်းချင်း လိုက်စုံစမ်းပြီး ငွေကျင် ၁၀ သိန်းဖြင့် ပြန်ရွေးလာခဲ့ရကြောင်း သိရသည်။ – Scout Yangon

23 Oct 2025
#RangoonScoutNetwork
👍2🤬1
🟠 ရန်ကုန်တိုင်း အစစ်အဆေးသတိ

ယခုရက်ပိုင်း ရန်ကုန်မြို့ထဲ အကြမ်းဖက်စစ်တပ်က ၎င်းတို့ PSMS စနစ်ထဲ ရှိသည့် ဒေတာများဖြင့် ရှောင်တခင်လိုက်စစ်ဖို့ ရှိကြောင်း သတင်းပေးပို့လာသည်။ CDM ဝန်ထမ်းများ၊ ယခင် တခုခုငြိစွန်းဖူးသူများ သတိပြုရန်လိုအပ်သည်။

23 Oct 2025
#RangoonScoutNetwork
❤1👍1
⚫️ သာကေတထဲ အုပ်ကြီးအဖွဲ့က လူလိုက်ဆွဲပြီး ကျုံပျော်ဘက်ကို ရောင်းစား၊ အိမ်က ပြန်ခေါ်ထုတ်လိုက်နိုင်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယောကျ်ားလေး ၁ ဦးကို ၉ ရပ်ကွက်အုပ်ကြီးအဖွဲ့မှ ပေါ်တာဆွဲသွားပြီး ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ ရပ်ကွက်တခုသို့ ငွေကျပ် ၁၂၅ သိန်းဖြင့် ရောင်းစားလိုက်ကြောင်း Khit Thit သတင်းဌာနမှ သိရှိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပေါ်တာဆွဲသွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရောင်းစားခဲ့ခြင်းဖြစ်သည်။ ဆွဲခံရသူ၏ မိဘဆွေမျိုးများက လိုက်လံစုံစမ်းပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ခေါ်ထုတ်နိုင်လာခဲ့ကြောင်းလည်း သိရသည်။ ဆွဲခံရသူ ယောကျ်ားလေး အမည်မှာ မောင်ကျော်သက်ပိုင်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ဖြစ်သည်။ – Khit Thit

23 Oct 2025
#RangoonScoutNetwork
😢5👍4❤1
🟠 မြောက်ဥက္ကလာ၊ ဃ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည မြောက်ဥက္ကလာမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လဘက် ဧည့်စစ်ဝင် လူရှာနိုင်ချေရှိကြောင်း သတင်းရရှိသည်။

23 Oct 2025
#RangoonScoutNetwork
👍1
⚫️ တွံတေးဘက်တွင် စစ်တပ်ကို လိုင်းပေါ် ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီး

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာနေ ကိုကံသာအား Tik Tok ပေါ် အကြမ်းဖက်စစ်တပ်ကို ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း စကမ ချန်နယ်မှ သတင်းထုတ်ပြန်ထားသည်။

23 Oct 2025
#RangoonScoutNetwork
🤬4
🟠 မင်္ဂလာတောင်ညွန့်၊ ကန်/တောင်ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ စစ် DC ၂ စီးနှင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ ၉၃ လမ်းတဝိုက် ဧည့်စစ်နိုင်ချေရှိသည်။ – MGTN Spring News and Scout Channel

23 Oct 2025
#RangoonScoutNetwork
🔥5👍1
🖥 DAILY HIGHLIGHTS (20 - 23 OCT 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA ကတိုက်ခိုက်သိမ်းပိုက် – KT

စစ်တပ်က ကင်းထောက်လှမ်းသည့် Spy Balloon များ စတင်သုံးစွဲလာ – DVB
•
🟢 နိုင်ငံရေးထူးခြားသတင်းများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်ဆိုတဲ့သတင်း NLD ပါတီ စီအီးစီ အချို့ငြင်းဆို – BBC
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌပြော – KT

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် CRPH ကို ဆက်လက် အသိအမှတ်ပြုဟု ကြေညာ – KT

ပိုက်လိုင်းလုံခြုံရေး တရုတ်နဲ့ စစ်ကောင်စီစွမ်းအင်၀န်ကြီးဆွေးနွေး – BBC

မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရန် ပုပ်ရဟန်းမင်းကြီး Leo XIV က ပန်ကြား – KT
•
💸 စီးပွားရေးထူးခြားသတင်းများ

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြန်ကျလာ – DVB
•
❗️ ကျားဖြန့်

BGF စောချစ်သူ ရဲ့ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို – KT

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများမှ Starlink စက်များကို ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX ကြေညာ – KT

KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေး – KT
•
👎 ရွေးကောက်ပွဲ

စစ်တပ်ထိပ်သီးများ လက်ရှိတာဝန်များမှ အနားမယူဘဲ ရွေးကောက်ပွဲ ဝင်ကြမည် – KT

အမတ်လောင်းတွေ လုံခြုံရေးနဲ့ မဲဆွယ်မယ် – BBC
•
➕ အခြားထူးခြားသတင်းများ

ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည် – AT

စစ်တပ်က PSMS ကို အဆင့်မြှင့်တင်နေပြီး အမည်ပျက်စာရင်းသွင်းထားသူ အရေအတွက် ထပ်တိုး – KT

အမေဇုန် အင်တာနက် ဝန်ဆောင်မှုတွေကို သုံးတဲ့ အက်ပလီကေးရှင်းနဲ့ ဘဏ်တွေ နည်းပညာချို့ယွင်းချက်ဖြစ် – BBC

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤2
🔴 ကမ္ဘာအေးစွယ်တော် ငါးကန်အနီး ဧည့်စစ်

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ညဘက်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစွယ်တော် ငါးကန်အနီးရှိ နေအိမ်များထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။

24 Oct 2025
#RangoonScoutNetwork
👍1
▪️အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသူများကို ဖမ်းဆီးဟု ဆို

လွန်ခဲ့သည့် ၁၀ ရက်အတွင်း အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို စကမ တပ်ဖွဲ့များ လိုက်လံဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်းမှ ၂၂ ဦး ပါဝင်ကြောင်း ၎င်းတို့သတင်းထုတ်ပြန်ချက်မှ သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ Secret Villa Private Resort ၌ လူ ၁၄ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကင်းမြို့နယ်၊ The Lord စားသောက်ဆိုင်အနီး၌ ၃ ဦး ထပ်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ်၊ ၁၂ ရပ်ကွက်၊ Eleven Minimart ရှေ့၌ ၅ ဦး ထပ်ဖမ်းမိသည်ဟု ဆိုသည်။ စုစုပေါင်း ကား ၆ စီး၊ ဖုန်း ၃၇ လုံး၊ Tablet ၂ လုံးကိုလည်း သိမ်းယူခဲ့သည်ဟု ပြောသည်။

မန္တလေးတိုင်းမှလည်း လူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ကား ၂ စီး၊ Laptop ၂ လုံး၊ ဖုန်း ၁၂ လုံးတို့ကို သိမ်းဆည်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

24 Oct 2025
#RangoonScoutNetwork
👍8
🔴 စမ်းချောင်း၊ မြေနီကုန်းမြောက်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနုလမ်း (ရန်ကင်းလမ်းအကွေ့နား)၊ အိမ်အမှတ် ၃၀ တဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီး၊ Honda Fit ၁ စီး တို့ပါသည်။ – Sanchaung Scout Channel

24 Oct 2025
#RangoonScoutNetwork
👍1
🔴 အလုံ၊ ဂဠုန်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နှင့် စောရန်ပိုင်ရပ်ကွက်ကြား၊ ဆင်ရေကန်လမ်းနှင့် ကွင်းကျောင်းလမ်းထောင့်တဝိုက် ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ စစ် DC ၁ စီး၊ ရဲကား ၁ စီး၊ ရဲဆိုင်ကယ် ၃ စီးခန့်ပါသည်။ ၉ နာရီခွဲခန့်တွင် ပြန်ထွက်သွားကြကြောင်း သိရသည်။

24 Oct 2025
#RangoonScoutNetwork
👍1
🔴 လှိုင်သာယာ၊ ၂၀ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၂၀ ရပ်ကွက်၊ ဦးဘချိုလမ်း၊ ၄ ထပ်အဆောင်ထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ – HTY Scout Channel

24 Oct 2025
#RangoonScoutNetwork
👍1🔥1
2025/10/24 17:31:30
Back to Top
HTML Embed Code: