Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
- Telegram Web
Telegram Web
⚫️ Facebook ပေါ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး ဖမ်း

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၌ နေထိုင်သည့် ကိုအာကာစိုး ကို Facebook ပေါ် စစ်တပ်ကို ဝေဖန်ပုတ်ခတ်လို့ဟုဆိုကာ ဖမ်းဆီးကြောင်း စကမ က သတင်းထုတ်ပြန်ထားသည်။ သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ဖမ်းထားသည်ဟု ဆိုသည်။

25 Oct 2025
#RangoonScoutNetwork
🤬9
▪️စကမ ရွေးကောက်ပွဲ ဝင်ပြိုင်သည့်ကိစ္စဖြင့် လင်မယား ရန်ဖြစ်၊ လင်ဖြစ်သူကို ဖမ်း

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေး) ပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါ်လေးလေးမြင့်ကို သူမ၏ ခင်ပွန်းက စကမ ရွေးကောက်ပွဲ ဝင်မပြိုင်ရန်ပြောကာ ရိုက်နှက်ခဲ့ပြီး ဝင်ပြိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့်ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း စကမ က သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဥက္ကံနယ်မြေရဲစခန်း၌ ဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲကာကွယ်ရေးပုဒ်မ ၂၄ (က) တပ်ထားသည်ဟု ဆိုသည်။

25 Oct 2025
#RangoonScoutNetwork
🔥73🤬3👍2
🖥 DAILY HIGHLIGHTS (24-25 OCT 2025)

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံထိပ်သီးအစည်းအဝေးကို အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းတက်ရောက်မယ် – BBC

မြန်မာ့ရွေးကောက်ပွဲကို တားဆီးလို့ မရနိုင်ကြောင်းနဲ့ ဘုံ ၅ ချက် ကို ထပ်မံ အတည်ပြု ကြောင်း အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ က ဆုံးဖြတ် – THN

❗️ ကျားဖြန့်

မြ၀တီမြို့နယ် KK Park မှ အရေးပါသူများကို BGF မှ ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား – KT

မြ၀တီတွင် ကျားဖြန့်လုပ်ငန်းများကို စတင်ထူထောင်ခဲ့သော She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးတော့မည် – KT

KK Park ကနေ ထိုင်းဘက်ကိုခိုဝင်လာသူအယောက် ၁,၀၀၀ ကျော်လာပြီး အိန္ဒိယနိုင်ငံသားအများဆုံးဖြစ် – BBC

KK Park က အဆောက်အအုံတချို့ကို စစ်တပ်နဲ့ BGF ပေါင်းပြီး ဖောက်ခွဲ – BBC

စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ရာထူးမှ ဖယ်ရှား ဖမ်းဆီး – KT

တိုင်းမှူးများ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနှင့်နေရာ အပြောင်းအလဲများ ပြုလုပ် – KT

🚩 စစ်မှုထမ်းသတင်း

သက်တမ်းပြည့်မည့် စစ်မှုထမ်း ၂,၀၀၀ ခန့်ကို တဆင့်မြင့် ရာထူးတိုးပေးပြီး စည်းရုံး – DVB

👎 ရွေးကောက်ပွဲ

သက်သက်ခိုင်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ဟု စကခ ရွေးကော် ကြေညာ – KT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
3
🔴 လှိုင်သာယာ၊ အနောက်ပိုင်းတက္ကသိုလ်အနီး ဧည့်စစ်

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်ဝင်ပေါက်တန်းတဝိုက် အကြမ်းဖက်တပ်သားများနှင့် အုပ်ကြီးအဖွဲ့တို့ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ မဲစာရင်း လာကြည့်ဖို့ပါ ပြောသွားကြ‌သေးသည်။ – HTY Scout Channel

26 Oct 2025
#RangoonScoutNetwork
1🔥1
⚫️ သာကေတ၊ ကားမှတ်တိုင်ရှိ လူငယ်များကို ဖမ်းခေါ်သွား

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ် ကျောက်တိုင်မှတ်တိုင်၌ လူငယ် ၂ ဦး ကားစောင့်နေစဉ် ရဲ DC ၁ စီး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း AAMIJ သတင်းဌာနမှ သိရှိရသည်။

Source: AAMIJ

26 Oct 2025
#RangoonScoutNetwork
🤬16👍21
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [October 20 - 26, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။

▪️မြို့ပြပြောက်ကျား စစ်ဆင်ရေးများ
· အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame ၊ အနောက်ပိုင်းခရိုင်ပကဖ၊ ကြည့်မြင်တိုင်ပကဖ နှင့် လသာပကဖ တို့မှ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၉ မြို့နယ်တို့မှ လူ ၁၁ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။
· မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တွံတေး၊ သန်လျင်၊ မှော်ဘီ၊ ကမာရွတ်နှင့် သာကေတမြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။
· လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၇ ဦးနှင့် လိုက်လံရှာဖွေဖမ်းဆီးခံရသူ ၄ ဦးတို့ ပါဝင်သည်။
· လိုက်လံရှာဖွေဖမ်းဆီးခံရသူ ၄ ဦးအနက် ၂ ဦးမှာ PDF ဟု စွပ်စွဲ၍ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၂ ဦးမှာ အွန်လိုင်းပေါ် စစ်တပ်ကို ဝေဖန်လို့ဟုဆိုကာ ကြေညာဖမ်းဆီးခံရခြင်းဖြစ်သည်။


▪️စစ်မှုထမ်း သင်တန်းသစ် စ
· စစ်မှုထမ်း အမှတ်စဉ် ၁၈ သင်တန်းစတင်ကြောင်း အကြမ်းဖက်စစ်တပ်မှ အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
· တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ ၌ သင်တန်းသား ၂၀၀ ခန့် ဖွင့်ပွဲ တက်ကြသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရှိရသည်။


▪️စစ်တပ်ထံ လက်နက်အပ်ပူးပေါင်း
· အကြမ်းဖက်စစ်တပ်က ၎င်းတို့ထံ ပူးပေါင်းလာသည့် PDF များကို လက်ခံခဲ့ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
· ၎င်းတို့ထံ ပူးပေါင်းသွားသူများထဲ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၅ ဦးပါသည်ဟု ဖော်ပြထားသည်။
· ရန်ကုန်တိုင်း မှော်ဘီ၊ လှည်းကူး၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ သုံးခွ၊ ဒလ၊ ကျောက်တန်းမြို့နယ်တို့အပြင် ပဲခူးတိုင်း ဝေါမြို့နယ်၌ နေထိုင်သူများဟု ဆိုသည်။
· MK-12 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၉ တောင့်၊ လက်လုပ်ပစ္စတို ၁ လက်နှင့် လက်လုပ်ပစ္စတို ကျည်အိမ် ၁ ခု တို့လည်း အပ်နှံသည်ဟု ပြောသည်။
· ရန်ကုန်တိုင်းထဲ ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စကမ ရန်ကုန်ဝန်ကြီးချုပ် စိုးသိန်းနှင့် စစ်တိုင်းမှူး ပြည့်စုံလင်း တို့လည်း ပွဲတက်ရောက်ခဲ့ကာ ပူးပေါင်းခဲ့သူ ၁ ဦးစီကို ကျပ်သိန်း ၂၀ စီ ပေးသည်ဟု ဆိုထားသည်။


▪️ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
· စကမ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ်အနေဖြင့် ဝင်ပြိုင်ဖို့ ပြင်ဆင်ထားသည့် သက်သက်ခိုင်ကို စကမ ရွေးကော်မှ လွှတ်တော်ကိုယ်စာလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်သည်။
· ၎င်းလုပ်နေသည့် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်း အချိန်မှီ မပြီးစီးသည့်အပြင် ကမ္ဘောဇဘဏ်ထံမှ ချေးထားသည့် အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော် ပြန်မဆပ်နိုင်သောကြောင့် ပယ်ဖျက်ခဲ့သည်ဟု ဆိုသည်။
· NLD ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်း က လသာမြို့နယ်၏ လွှတ်တော်ကိုယ်စာလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဟု ဆိုသည်။
· ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးက လမ်းမတော်မြို့နယ်၏ ကိုယ်စာလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဟု ဆိုသည်။


➡️ဆက်လက်ဖတ်ရှုရန်

27 Oct 2025
#RangoonScoutNetwork #YGN_weekly
Please open Telegram to view this post
VIEW IN TELEGRAM
3
⚫️ ဗဟန်း၊ ဗိုလ်စိန်မှန်ရပ်ကွက်ထဲ လူဝင်ဖမ်း

ယနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ အောင်တော်မူဘုရားနီး လက်ဖက်ရည်ဆိုင်ထဲ လက်ဖက်ရည်သောက်နေသည့် ယောကျ်ားလေး ၁ ဦးနှင့် ထမင်းဆိုင်ထဲ ထမင်းစားနေသည့် ယောကျ်ားလေး ၁ ဦးတို့ကို အရပ်ဝတ်လူတစုမှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ – Bahan Scout & News Channel

27 Oct 2025
#RangoonScoutNetwork
⚫️ တို့ဆေးဖြင့် တို့ပြီး စစ်တပ်ထံ ရောင်းစား၊ ပြန်ရွေးမရပဲ ရှမ်းပြည်ဘက်ပို့ခံရ

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ၃၂ လမ်းထောင့်အနီး ၆ ထပ်ရုံး၏ လုံခြုံရေးဝန်ထမ်း ၁ ဦး စစ်တပ်ထံ ရောင်းစားခံလိုက်ရကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးမှ အိမ်သို့ ကားစီးပြီးပြန်နေစဉ် အမျိုးသမီး ၂ ဦးက မူးယစ်ဆေးတမျိုး (တို့ဆေးဟု ပြော) သုံးကာ ခေါ်သွားဖြစ်သည်။

ထိုနောက် စစ်တပ်ထံ ရောင်းစားခံလိုက်ရပြီး ရဲမွန်တပ်ထဲ ရောက်သွားကြောင်း သိရသည်။

မိသားစုက နောက်ပိုင်း အဆက်အသွယ်ရ၍ မေးမြန်းရာ ပြန်ရွေးထုတ်လိုပါက ကျပ်သိန်း ၁၀၀ ပေးခိုင်းကြောင်း သိရသည်။ မိသားစုက ပိုက်ဆံပေးမည်ဟုဆိုသော်လည်း မရတော့ပဲ ရှမ်းပြည်ဘက် ထပ်ပို့ခံလိုက်ကြောင်း သိရှိရသည်။

27 Oct 2025
#RangoonScoutNetwork
👍4🤬31
🟠 ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ မြေနီလမ်းထဲ စစ် DC ၂ စီး ရောက်ရှိနေကြောင်း သိရှိရသည်။ ဆိုင်တွေလည်း စောပိတ်ခိုင်းထားသည်။ ဧည့်စစ်ဝင်နိင်ချေရှိသည်။ – RSG

27 Oct 2025
#RangoonScoutNetwork
👍7
⚫️ ကြည့်မြင်တိုင်၊ ညဈေးပန်းခြံထဲ လူဝင်ဆွဲ

ယနေ့ အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ညဈေးပန်းခြံထဲ လမ်းလျှောက် အရက်သောက်နေသူ ၁ ဦးကို အကြမ်းဖက် ရဲ ၁ ယောက်နှင့် အရပ်ဝတ် ၄ ယောက်ခန့်တို့က ဖမ်းဆီးသွားကြောင်း သိရှိရသည်။ – Kyimyindaing Scout Channel

27 Oct 2025
#RangoonScoutNetwork
🔥7👍1
🟠 စမ်းချောင်း၊ မြေနီကုန်းဘက် အစစ်အဆေးသတိ

ယနေ့ည ၉ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ဗိုလ်မိုးလမ်းထိပ်၌ စစ် SC ၂ စီး၊ အိမ်စီးကား ၂ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ လမ်း ၂ ဖက်ထိပ်နှင့် လမ်းထဲလည်း တပ်သားများ ဖြန့်ထားသည်။ ညနေချိန်ကလည်း ဗိုလ်မိုးလမ်း တိုက်အမှတ် ၂၇ ထဲ ၎င်းတို့ ဝင်သွားကြသေးသည်။ ယခု လမ်းထဲ အစစ်အဆေးထပ်ဝင်ဖို့ ရှိပုံရသည်။ – RSG

27 Oct 2025
#RangoonScoutNetwork
🔥11
🔴 မင်္ဂလာတောင်ညွန့်၊ သိမ်ဖြူမီးရထားရပ်ကွက် ဧည့်စစ်

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်ထဲ အကြမ်းဖက်တပ်သားများနှင့် အုပ်ကြီးအဖွဲ့တို့ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ ဝင်စစ်နေချိန် အပြင်ထွက်မကြည့်ဖို့ဆိုပြီးလည်း အော်ဟောက်သွားခဲ့ကြကြောင်း သိရသည်။ – MGTN Spring News & Scout Channel

28 Oct 2025
#RangoonScoutNetwork
👍31
⚫️ မြောက်ဒဂုံ၊ ရာဇဓိရာဇ်လမ်းပေါ် လူလိုက်ဆွဲ

လွန်ခဲ့သည့် ၃ ရက်ခန့် (အောက်တိုဘာလ ၂၅ ရက်နေ့ဝန်းကျင်) တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ရာဇဓိရာဇ်လမ်းနဲ့ မန္တလေးလမ်းထောင့်၌ ယောကျ်ားလေး ၁ ဦး သွားလာနေစဉ် ပျူအဖွဲ့များက ဆွဲခေါ်သွားကြောင်း သတင်းရရှိသည်။ ဆွဲခံရသူမှာ အသက် ၂၁ နှစ်အရွယ် လူငယ်ဖြစ်ပြီး ၄၀ ရပ်ကွက်ထဲ နေထိုင်သူဖြစ်ကြောင်း သိရသည်။

28 Oct 2025
#RangoonScoutNetwork
👍7
RSN WEB
▪️အကြမ်းဖက်စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ရန်ကုန် ၁၂ မြို့နယ် ပါဝင် အကြမ်းဖက်စစ်ကော်မရှင် လုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ရန်ကုန်တိုင်းမှ ၁၂ မြို့နယ် ပါဝင်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။ ၎င်း ၁၂ မြို့နယ်မှာ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊…
▪️စကမ ရွေးကောက်ပွဲ အပိုင်း ၂ တွင် ရန်ကုန် ၁၆ မြိုနယ် ပါဝင်

အကြမ်းဖက်စစ်ကော်မရှင်က ၎င်းတို့ ရွေးကောက်ပွဲ အပိုင်း (၂) လုပ်မည့်ရက်ကို ယနေ့ည ထပ်မံကြေညာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လုပ်မည်ဟု ဆိုသည်။ တနိုင်ငံလုံးအနေဖြင့် မြို့နယ် ၁၀၀ ပါဝင်သည်။

အဆိုပါ အပိုင်း ၂ တွင် ရန်ကုန်တိုင်းအတွင်းမှ မြို့နယ် ၁၆ မြို့နယ် ပါဝင်သည်။ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ မြောက်ဒဂုံ၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့ ဖြစ်သည်။

အပိုင်း ၁ ကြေညာခဲ့စဉ်က ရန်ကုန်တိုင်းမှ ၁၂ မြို့နယ်ပါဝင်ခဲ့ပြီး တနိုင်ငံလုံးအနေဖြင့် ၁၀၂ မြို့နယ် ဖြစ်သည်။ ၎င်းအပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်နေ့လုပ်မည်ဟု ဆိုသည်။

28 Oct 2025
#RangoonScoutNetwork
4🤯3👍2
🖥 DAILY HIGHLIGHTS (25-28 OCT 2025)

🔴 စစ်ရေးထူးခြားသတင်းများ

တနင်္သာရီတိုင်း မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက် – KT

🟢 နိုင်ငံရေးထူးခြားသတင်းများ

အရှေ့တီမောက မြန်မာ့ပဋိပက္ခအတွက် အာဆီယံ ဘုံ ၅ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောကြား – THN

အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၌ မြန်မာ့ပဋိပက္ခအရေး ဆွေးနွေး – DVB

မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင် – KT

မြန်မာအတိုက်အခံ ၂၇ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော – THN

စကမ ရွေးကောက်ပွဲမတိုင်မီ အင်အားစုများအားလုံးကို ကွာလာလမ်ပူမြို့သို ဖိတ်ခေါ် ဆွေးနွေးမည်ဟု မလေးရှားဝန်ကြီးချုပ် ထုတ်ပြော – KT

💸 စီးပွားရေးထူးခြားသတင်းများ

ရွှေဈေး သီတင်းတပတ်အတွင်း ကျပ် ၆ သိန်းကျာ် ထိုးကျ – DVB

❗️ ကျားဖြန့်

KK Park နဲ့ လုံးဝမသက်ဆိုင်​ကြောင်း KNU ထုတ်ပြန် – PS

👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ရေးကိစ္စ အာဆီယံအဖွဲ့ ဆွေးနွေး – AT

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲပင် မကျင်းပရသေးဘဲ လွှတ်တော်အမတ် ၂၈ နေရာ မပြိုင်ဘဲ အနိုင်ရရှိ – KT

စကမ ရွေးကောက်ပွဲ ပွင့်လင်း မျှတမယ်လို့ ယုံကြည်သူ မရှိလောက်ဘူးလို့- ကုလ ပြော – BBC

စကမ က ရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ တော်လှန်ရေးပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်ကား ထုတ်လွှင့် – PS

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍51
▪️ရွှေဂုံတိုင် Mytel ရုံးမှာ ဗုံးတွေ့

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် မနက် ၇ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မီးပွိုင့်ထောင့်ရှိ Mytel ရုံးရှေ့၌ ဗုံးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ စကမ ချန်နယ်ကလည်း သတင်းထုတ်ပြန်ထားသည်။

ထို့သို့ တွေ့ရှိပြီးနောက် စစ်ကား ရဲကားများဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိလာပြီး ဗုံးကို ဖြုတ်ယူကာ မနက် ၈ နာရီခန့်တွင် ပြန်ထွက်သွားကြကြောင်း သိရသည်။

29 Oct 2025
#RangoonScoutNetwork
👍7🔥1
▪️ကြံ့ဖွံ့ပါတီ မဲစဆွယ်ဖို့ ဆိုင်းဘုတ်တင်

အကြမ်းဖက်စစ်တပ်၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ယမန်နေ့ အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း၊ မြို့နယ်အသီးသီးရှိ ၎င်းတို့ပါတီရုံးများ၌ ဆိုင်းဘုတ်လွှင့်ထူပွဲ ပြုလုပ်သွားခဲ့သည်။

စကမ ရွေးကောက်ပွဲနိုင်ရန် မဲဆွယ်ဖို့အတွက်ဟု ဆိုသည်။ ပွဲလုပ်ချိန် ကြံ့ဖွံ့ပါတီဝင်များအပြင် အကြမ်းဖက် စစ်သား ရဲ ပျူများလည်း လုံခြုံရေးယူထားခဲ့ကြသည်။

မနက် ၉ နာရီဝန်းကျင်၌ စခဲ့ကြပြီး ၁ နာရီခန့်ကြာသည်။ ဗဟန်းမြို့နယ်ရှိ တိုင်းရုံးချုပ်တွင်မူ လူပိုများပြီး ဖျော်ဖြေရေးများလည်းပါ၍ ပွဲချိန် ပိုကြာသည်ဟု သိရသည်။

အကြမ်းဖက်စကမ က အဆိုပါ အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး မဲဆွယ်နိုင်ပြီဟု သတ်မှတ်ထား၍ ပါတီအများအပြားနှင့် တသီးပုဂ္ဂလဝင်ပြိုင်သူများ စတင် လှုပ်ရှားနေကြသည်။

ထိုသို့ စတင်သည့်နေ့မှာပင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် မိုင်တဲရုံး၌ ဗုံးတွေ့ရှိခဲ့သည်။

29 Oct 2025
#RangoonScoutNetwork
🔥10🤬5
🟠 သင်္ဃန်းကျွန်း၊ ၁၆/၂ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်၊ သုဒဿန ၃ လမ်းထဲ အကြမ်းဖက် ရဲများ ရောက်ရှိနေကြောင်း သိရှိရသည်။ အစစ်အဆေးဝင်နေပုံရသည်။ – RSG

29 Oct 2025
#RangoonScoutNetwork
RSN WEB
🟠 သင်္ဃန်းကျွန်း၊ ၁၆/၂ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်၊ သုဒဿန ၃ လမ်းထဲ အကြမ်းဖက် ရဲများ ရောက်ရှိနေကြောင်း သိရှိရသည်။ အစစ်အဆေးဝင်နေပုံရသည်။ – RSG 29 Oct 2025 #RangoonScoutNetwork
🔴 သင်္ဃန်းကျွန်း၊ ၁၆/၂ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်၊ သုဒဿန ၃ လမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်သား၊ ရဲ၊ မီးသတ်များပါ ပါပြီး အင်အားများသည်။ တအိမ်တက် တအိမ်ဆင်း ဝင်နေပြီး ဖုန်းများပါ ယူစစ်ကြောင်း သိရသည်။ – RSG

29 Oct 2025
#RangoonScoutNetwork
🤬2
⚫️ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ဆိုပြီး အနုပညာရှင် ၃ ဦးကို ဖမ်းဆီး

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရုပ်ရှင်ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ် နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့်တို့ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်ကော်မရှင်က ယနေ့ည သတင်းထုတ်ပြန်ထားသည်။

လူမှုကွန်ယက်မီဒီယာပေါ်တွင် စကမရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားဖြစ်သည့် 'ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ' ထဲ ပါဝင်သရုပ်ဆောင်ထားသူများကို ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှောင့်ယှက်သည့် ပုဒ်မဖြင့် အမှုတပ်အရေးယူမည်ဟု ဖော်ပြထားသည်။

ဒါရိုက်တာမိုက်တီးတွင် ယခင်ရှိထားဖူးသည့် ပုဒ်မ ၅၀၅-က အမှုကိုပါ ပြန်ပေါင်းထည့်တွက်သွားမည်ဟုလည်း ဆိုထားသည်။

29 Oct 2025
#RangoonScoutNetwork
🤬13👍3🔥2😱1🤩1👌1
2025/10/30 08:15:55
Back to Top
HTML Embed Code: