RSNWEB Telegram 24897
🔴 ရန်ကုန်တိုင်း မတရား ဖမ်းဆီးမှုများ (စက်တင်ဘာ၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးခြင်းခံရသူများအနက် လူ ၁၆၃ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။

▪️ဖမ်းဆီးပြီး နောက်ဆက်တွဲအခြေအနေ
• ဖမ်းဆီးခံရသူ ၁၆၃ ဦးအနက် ၁၀ ဦးကို အကြမ်းဖက်စစ်တပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပြီး ၂၅ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
• ကျန်သည့် ၁၂၈ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။

▪️ဖမ်းဆီးခံရသည့် ပုံစံ

• သတင်းအတိအကျဖြင့် ရှာဖွေ/စောင့်ဆိုင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၃ ဦး ရှိသည်။
• ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၆၆ ဦး ရှိပြီး ၎င်းတို့မှာ လမ်းမပေါ်သွားလာနေစဉ် ဖမ်းခံရသူ ၅၄ ဦး၊ ဆိုင်ထိုင်နေစဉ်ဖမ်းဆီးခံရသူ ၈ ဦးနှင့် လမ်းဘေးထိုင်နေစဉ် ဖမ်းခံရသူ ၄ ဦးတို့ ဖြစ်သည်။
• ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၆၆ ဦး ရှိသည်။ ၎င်းတို့အနက် ၄၅ ဦးမှာ သွားလာနေစဉ် ရှောင်တခင်စစ်ဆေးခံရပြီး ဖမ်းဆီးခံခဲ့ရကာ ၂၁ ဦးမှာ ဧည့်စာရင်းစစ်စဉ် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

▪️ထူးခြား အချက်အလက်များ
• ဖမ်းဆီးခံရသူတို့ထဲတွင် စကမ ရွေးကောက်ပွဲကို နှောင့်ယှက်ဆန့်ကျင်လို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၆ ဦး ပါဝင်သည်။ ထို ၆ ဦးကို စကမချန်နယ်မှ ထုတ်ပြန်ကြေညာထားသည်။
• ဆိုရှယ်မီဒီယာပေါ်တွင် အကြမ်းဖက်စစ်တပ်ကို ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၂ ဦးနှင့် တော်လှန်ရေး ထောက်ပို့ထီရောင်းချရာတွင် ပါဝင်ကူညီသည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၁ ဦး ရှိသည်။ ၃ ဦးလုံး ထုတ်ပြန်ကြေညာခံရသည်။
• စစ်ရေးလှုပ်ရှားရာတွင် ပါဝင်ပက်သတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ ၁၅ ဦး ရှိခဲ့သည်။
• ချုပ်နှောင်ထားသည့်နေရာများမှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ၃ ဦး ရှိသည်။
• ရခိုင်လူမျိုး Rap အဆိုတော် ၁ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

▪️စစ်မှုထမ်းသင်တန်း
• စစ်မှုထမ်း သင်တန်းအတွက် ဖမ်းဆီးခံခဲ့ရသူများအနက် ၁၁ ဦးကိုသာ သတင်းရရှိခဲ့သည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၉ ဦး ဖြစ်ပြီး ကျန် ၂ ဦး နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။
• စစ်မှုထမ်း အမှတ်စဉ် ၁၇ သင်တန်းကို လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ ၁ နှင့် တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ တို့၌ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၆၀၀ ဦးခန့် ပါဝင်နေသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။
• ရန်ကုန်တိုင်းအတွင်းရှိ အဆိုပါစစ်သင်တန်းကျောင်းများအပြင် ပဲခူးတိုင်း၊ အင်းမ၊ တပ်ရင်း ၃၃ သို့ ပို့ဆောင်ခံလိုက်သူများလည်း ရှိသည်။

▪️အခြားအဖမ်းအဆီးဖြစ်စဉ်များ

• မူးယစ်ဆေးဝါးမှု၊ သက်ငယ်မုဒိန်းမှု၊ သံဃာ အယောင်ဆောင်မှု စသည့် ကိစ္စများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်း ရှိပြီး ၎င်းတို့ကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။
• 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' စာသားကို ကလပ်၌ DJ သီချင်းလုပ်ပြီး တီးခတ်ခဲ့လို့ဟုဆိုကာလည်း DJ Violet နှင့် မန်နေဂျာဖြစ်သူတို့ကို ဖမ်းဆီးခဲ့သည်။

(ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။)

05 Oct 2025
#arrest #RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
🔥6👍42

tgoop.com/rsnweb/24897
Create:
Last Update:

BY RSN WEB

Share with your friend now:
tgoop.com/rsnweb/24897

View MORE
Open in Telegram

Telegram News

Date: |

To delete a channel with over 1,000 subscribers, you need to contact user support Telegram users themselves will be able to flag and report potentially false content. Done! Now you’re the proud owner of a Telegram channel. The next step is to set up and customize your channel. Polls
from us

Telegram RSN WEB
FROM American